FDB Bank ၏ အိမ်ရာချေးငွေဖြင့် သင့်ရဲ့ အိပ်မက်ထဲက အိမ်ကို ပိုင်ဆိုင်လိုက်ပါ။

  • အတိုးနှုန်း ၁၄ ရာခိုင်နှုန်း (တစ်နှစ်လျှင်)
  • အတိုးနှုန်းသည် ဗဟိုဘဏ်၏ ပေါ်လစီနှုန်းဖြစ်သည့် အခြေခံနှုန်းထားဖြင့် ပြောင်းလဲနိုင်သောနှုန်းဖြစ်သည်။
  • ဗဟိုဘဏ်မှ သတ်မှတ်နှုန်းထားအတိုင်း အများဆုံးကောက်ခံနိုင်သည်။
  • အများဆုံး (၁၅) နှစ် အထိသာ
  • အိမ်ရာတန်ဖိုး၏ အနည်းဆုံး (၃၀%)
  • လစဉ် အတိုး နှင့် အရင်း ပြန်လည်ပေးသွင်းရမည်။
  • ဝန်ဆောင်ခ (Application Fees – 1%) (ခွင့်ပြုထားသည့် ချေးငွေပမာဏအပေါ်တွင် တစ်ကြိမ်သာ)
  • မြန်မာနိုင်ငံသားဖြစ်ရမည်။
  • ဆောက်လုပ်မှုပြီးစီးပြီး၊ BCC (Building Completion Certificate) ရရှိပြီးထားသော တိုက်ခန်း၊ ကွန်ဒို နှင့် အဆောက်အဦ များဖြစ်ရမည်။
  • ချေးငွေလျှောက်ထားသူသည် ချေးငွေသက်တမ်းပြည့်ချိန်တွင် အသက် ၆၀ ထက်မကျော်ရ။
  • မိသားစုဝင်နှင့် ချေးငွေပူးတွဲလျှောက်ထားနိုင်သည်။

လျှောက်ထားသူနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်ရေးဆိုင်ရာ စာရွက်စာတမ်းများ

(၁) မှတ်ပုံတင် (မူရင်း၊ မိတ္တူ)

(၂) သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)

(၃) နေထိုင်ကြောင်း ရပ်ကွက်နှင့်ရဲစခန်း ထောက်ခံစာ မူရင်း

(၄) လိုင်စင်ဓါတ်ပုံ (၁) ပုံ (၆လ အတွင်း ရိုက်ကူးထားသော)

(၁) သက်ဆိုင်ရာ HR ဌာနမှ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက် (လစာ၊ ရာထူး၊ လုပ်သက် ပါရမည်။)

(၂) လစာဝင်ငွေ အထောက်အထား (၃) လစာ (သို့မဟုတ်) ဘဏ်စာရင်းရှင်တမ်း (၆) လစာ

(၃) ဝင်ငွေခွန်ပြေစာ (၃) လစာ

(၄) ဝန်ထမ်းကဒ် (မူရင်း၊ မိတ္တူ)

(၅) စာချုပ်ဖြင့်လုပ်ကိုင်သော ဝန်ထမ်းဖြစ်ပါက စာချုပ်မိတ္တူ

(၁) သက်တမ်းရှိ ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလိုင်စင်

(၂) ဘဏ်စာရင်းရှင်းတမ်း (၃) လစာ (သို့မဟုတ်) ဝင်ငွေအထောက်အထား

(၁) သက်တမ်းရှိ သက်ဆိုင်ရာကုမ္ပဏီနှင့်ချုပ်ဆိုထားသည့် သင်္ဘောသား စာချုပ်

(၂) CDC book (Continuous Discharge Certificate)

(၃) Passport မိတ္တူ

(၄) လစာဝင်ငွေအထောက်အထား {ဥပမာ- ငွေစုစာအုပ် (သို့မဟုတ်) ဘဏ်စာရင်း ရှင်းတမ်း} (၃ လစာ)

လုပ်ငန်းနှင့်ဆိုင်သော စာရွက်စာတမ်းများ

(၁) သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပေးသောသက်တမ်းရှိ လုပ်ငန်းလိုင်စင်

(၂) SME member card (ရှိလျှင်)

(၃) ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ (ပြီးခဲ့သော နှစ် (၂) နှစ်စာ)

(၄) ဝင်ငွေခွန်/ကုန်သွယ်ခွန်ပြေစာ (ပြီးခဲ့သောဘဏ္ဍာရေးနှစ် (၂) နှစ်စာ) (လုပ်ငန်း အခြေအနေအရ)

(၁) လူနေထိုင်ခွင့် BCC (Building Completion Certificate) မိတ္တူ

(၂) သက်ဆိုင်ရာဂရန်စာချုပ် မိတ္တူ

(၃) မြေရှင်နှင့်အဆောက်အဦဆောက်လုပ်သူကန်ထရိုက်တာတို့ချုပ်ဆိုထားသောစာချုပ် –        မိတ္တူ

(၄) ရောင်းချမည့်သူ၏ ပိုင်ဆိုင်ခွင့်ရှိသည့် အရောင်းအဝယ်စာချုပ်မူရင်း (မိတ္တူ) နှင့် ဆက်စပ်စာချုပ်များ။

(၅) ကွန်ဒို၊တိုက်ခန်းပိုင်ဆိုင်ကြောင်းOwner book /Ownership Registration (ရှိသည့် အခန်းများအတွက်သာ)

(၆) မြေရှင်ဖြစ်သူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ နှင့် အိမ်ထောင်စုစာရင်းမိတ္တူ

(၇) ဓါတ်ပုံများ(အရှေ့၊အနောက်၊ဝဲ၊ယာ၊အတွင်း၊အပြင်နှင့် အထပ်တိုင်းဓါတ်ပုံများ)

(၈) မြေပုံ၊မြေရာဇဝင် ပုံစံ-၁၀၅/၁၀၆ (မြေ နှင့် အဆောက်အဦ ဖြစ်ပါက)