ကလေးငယ်များ ၏ အနာဂတ်ပညာ ရေးအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားသည့် သက်ငယ်ငွေစုစာရင်း ဖြစ်ပါသည်။

ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ မိသားစုဝင်များအတွက် ပညာရေးနှင့်ပတ်သက်သည့် ငွေစု‌ဆောင်းသည့် အလေ့အထ ရရှိစေရန်၊ အခြေခံပညာအထက်တန်းပြီးဆုံးပြီးနောက် တက္ကသိုလ်ပညာသင်စရိတ်အား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်။

  1. အုပ်ထိမ်းသူ၏ မှတ်ပုံတင်နှင့် ဓာတ်ပုံ။
  2. ဖွင့်လှစ်မည့် ကလေး၏ မွေးစာရင်းမိတ္တူ (သို့မဟုတ်) သက်ဆိုင် ရပ်ကွက်အုပ်ချုပ်ရေးမှုး၏ ထောက်ခံချက်။
  3. ဘဏ်၏ သတ်မှတ် စာရင်းဖွင့် လျှောက်လွှာ။
  4. ဘဏ်စာရင်းဖွင့်ရန် မိတ်ဆက်ထောက်ခံသူ (၂)ဦး။
  1.  သာမန်ငွေစုစာရင်းထက်အတိုးပိုမိုခံစားခွင့် ရှိခြင်း။
  2. လစဥ်ပုံမှန်စုဆောင်းသူများအတွက် တက္ကသိုလ် ဝင်တန်းအောင်မြင်ပါက သတ်မှတ်ချက်နှင့်အညီ ပညာသင်ထောက်ပံကြေး ခံစားခွင့်ရှိခြင်း။
  3. ဘာသာရပ်ဆိုင်ရာ ဂုဏ်ထူးဖြင့် အောင်မြင် ပါက သတ်မှတ်ချက်နှင့်အညီ သီးခြားချီးမြင့်ငွေ ခံစားခွင့်ရှိခြင်း။
  4. လစဥ်အတိုးငွေခံစားခွင့် ရှိခြင်း။