ချက်လက်မှတ်စာအုပ်နှင့် စာရင်းတစ်ခုဖြင့် လုပ်ငန်း၏ ငွေပေးငွေယူကိစ္စရပ်များ လုပ်ဆောင်နိုင်ပါပြီ။ လူကြီးမင်း၏ ပုံမှန် ငွေပေးငွေယူများကို စာရင်းရှင် အပ်ငွေစာရင်းဖြင့် ကောင်းမွန်စွာ စီမံခန့်ခွဲလိုက်ပါ…

စာရင်းရှင်အပ်ငွေ စာရင်းသည် နေ့စဉ် အကန့်အသတ်မရှိ ငွေပေး/ငွေယူများအတွက် အတိုးမဲ့စာရင်း ဖြစ်ပါသည်။

  • ချက်လက်မှတ်ဖြင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်း။
  • Debit Card နှင့်ချိတ်ဆက်အသုံးပြုနိုင်ခြင်း။
  • အခြားအပ်ငွေ စာရင်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်ခြင်း။
  • Mobile Banking နှင့်ချိတ်ဆက်အသုံးပြုနိုင်ခြင်း။
  • အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်။
  • တစ်ဉီးချင်းဖြစ်စေ၊ နှစ်ဦးနှင့်အထက်တွဲ၍ဖြစ်စေ၊ အဖွဲ့အစည်း အမည်ဖြင့်ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်သည်။
  • နိုင်ငံသားစိစစ်ရေးကတ်ပြား (သို) နိုင်ငံကူးလက်မှတ် မူရင်းကို တင်ပြရမည်။
  • စာရင်းပိုင်ရှင်နှစ်ဦးကို မိတ်ဆက်ရမည်။
  • ဘဏ်၏ လျှောက်လွှာပုံစံနှင့် KYC အချက်အလက်များကို ဖြည့်စွက်ရမည်။
  • ကနဦးပေးသွင်းငွေ အနည်းဆုံး  ကျပ် ၁,၀၀၀.၀၀ တိတိဖြင့် စတင် စာရင်းဖွင့်လှစ်နိုင်သည်။
  • အတိုးခံစားရရှိနိုင်သော စာရင်းတစ်ခုမဟုတ်ပါ။
  • ချက်လက်မှတ်ဖြင့် အလွယ်တကူ ငွေပေးချေနိုင်သည်။
  • ငွေသွင်း/ငွေထုတ်ခြင်းအတွက် ဘဏ်စာရင်းရှင်းတမ်းကို လစဉ်ဘဏ်မှထုတ်ပေးသည်။
  • ဘဏ်မှ ချက်စာအုပ်ထုတ်ပေးသည်။
  • Mobile Banking နှင့်ချိတ်ဆက်အသုံးပြုနိုင်သည်။
  • Debit Card နှင့်ချိတ်ဆက်အသုံးပြုနိုင်သည်။
  • အခြားအပ်ငွေ စာရင်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည်။
  • စာရင်းဖွင့်လှစ်ခြင်းကို နီးစပ်ရာ FDB ဘဏ်ခွဲများတွင် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားနိုင်ပါသည်။

  • စာရင်းဖွင့်လျှောက်လွှာ။
  • နိုင်ငံသားစိစစ်ရေးကတ် မူရင်း (သိုမဟုတ်) နိုင်ငံကူးလက်မှတ် မူရင်း။
  • ဘဏ်စာရင်းဖွင့်ရန် မိတ်ဆက်ထောက်ခံသူ (၂)ဦး။
  • ဘဏ်စာရင်းတွင် အမည်စာရင်းပါဝင်သူများ၏ ကာလာ ပတ်(စ်)ပို့(စ်) ဓာတ်ပုံ (၂) ပုံ။