တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေးသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်း ဖက်မှုအား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အခြေခံသင်တန်းအား ၂၀၂၄ ခုနှစ်၊ မေလတွင် လူကိုယ်တိုင်နှင့် အွန်လိုင်းတို့မှ တက်ရောက်နိုင်ရန် Dual System ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းအား တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၏ လှိုင်သာယာဘဏ်ခွဲရှိ ဘဏ်သင်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ဘဏ်၏ လိုက်နာဆောင်ရွက်ရေးအဖွဲ့က လိုက်နာဆောင်ရွက်ရေးဆိုင်ရာ အသိပညာများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အခြေခံ အသိ ပညာများ၊ သတ်မှတ်ငွေပမာဏနှင့် အထက်ကျော်လွန်သော လွှဲပြောင်းမှုသတင်းပေးပို့ချက် (TTR) နှင့်စပ်လျဉ်း၍ သတင်းပေးပို့သည့်လုပ်ငန်းစဉ်နှင့် သတင်းပေးပို့ခြင်းဆိုင်ရာ သဘောသဘာဝများအား ဘဏ်ဝန်ထမ်းများနှင့် မိတ်ဖက်ကုမ္ပဏီမှ ကိုယ်စားပြုတက်ရောက်သူများကို အသိပညာဗဟုသုတများ မျှဝေပေးခဲ့ပါသည်။
သင်တန်းသို့ ဘဏ်ခွဲများမှ ဝန်ထမ်းသစ်များနှင့် ဘဏ်နှင့်ကိုယ်စားလှယ်ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်ကြမည့် ကုမ္ပဏီမှ ကိုယ်စားပြုဝန်ထမ်းများ၊ စုစုပေါင်း (၂၈) ဦးသည် လူကိုယ်တိုင်နှင့် အွန်လိုင်းတို့မှ တက်ရောက်ခဲ့ကြ ပါသည်။



