FDB Bank ၏ ရန်ကုန်မြို့မှာ ပထမဆုံး ဘဏ်ခွဲဖြစ်တဲ့ ရွှေဘုံသာဘဏ်ခွဲ ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ် သတင်း မီဒီယာများ နှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် FDB Bank ၏ ရွှေဘုံသာ ဘဏ်ခွဲနေရာ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနား အစီအစဉ်မှာ FDB Bank ရဲ့ ဒုတိယမြောက် ဘဏ်ခွဲဖြစ်ပြီး ရန်ကုန်မြို့တွင် ပထမဆုံး ဘဏ်ခွဲ ဖွင့်လှစ်ရခြင်း အကြောင်းအရင်း ၊ လတ်တလော လုပ်ဆောင်နေသည့် Deposit Promotion များဖြစ်သည့် ငွေပြုံး ငွေလာဘ်အစီအစဉ်များ အကြောင်းနှင့် FDB Bank ၏ ရှေ့ဆက်ဆောင်ရွက်မည့် ဘဏ်ဝန်ဆောင်မှု အစီအစဉ်များ အကြောင်းကို ကြိုတင် အသိပေး မိတ်ဆက်ပေးခဲ့ပါတယ်။



