၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ (သောကြာနေ့)တွင် ရန်ကုန် FDB Bank ရုံးချုပ်မှ စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် မြို့တစ်မြို့တွင် ပထမဦးဆုံးသော FDB Bank ရဲ့ ဘဏ်ခွဲတစ်ခုဖွင့်တိုင်း လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်သွားမည် ဆိုသော ရည်ရွယ်ချက်ဖြင့် ” Share with Love Program ” လူမှုအကျိုးပြု လှူဒါန်းမှုအား ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ်ရှိ မဟာနွယ် ပရဟိတမိဘမဲ့ကျောင်း တွင် လုပ်အားပေးခြင်းနှင့် လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
FDB Bank အဖွဲ့သားများသည် မနက်ပိုင်းတွင် ကလေးဦးရေ ၇၀ ကျော်အတွက် အာဟာရဒါန တစ်နေ့လုံးစာ အပါအဝင် ဆန်၊ ဆီ၊ ကုန်ခြောက်များနှင့် အခြေခံလိုအပ်သော အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ကလေးများနှင့်အတူ ပျော်ရွှင်စွာ ဂိမ်းများ ကစား၍ လက်ဆောင်များကို ပေးအပ်ခဲ့ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် ခက်ခဲသော အချိန်ကာလတွင် အပြုသဘောဆောင်သော ပြောင်းလဲမှုနှင့် ပံ့ပိုးကူညီမှုများကို ယခင်ကထက် ပိုမို ဆောင်ရွက်ပေးသင့်သည် ဟု ကျွန်ုပ်တို့၏ ယုံကြည်ချက်နှင့်အညီ လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို အစဉ်အမြဲ အကျိုးပြု ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။





