တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး (FDB)သည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) လုပ်ငန်းများဆိုင်ရာ အခြေခံမူဘောင် လုပ်ထုံးလုပ်နည်းများ၊ ဆက်သွယ်ဆောင်ရွက်သူများအပေါ်အလေးထားစိစစ်ခြင်း (KYC/CDD)၊ ဆုံးရှုံးနိုင်ခြေအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆိုင်ရာ သင်တန်းအပါအဝင် Predicate Offence နှင့် Illegal Credit Facilities and Threats from Online ပါတ်သက်သည့် အသိပညာပေးပို့ချခြင်းတို့ကို ဘဏ်၏လိုက်နာဆောင်ရွက်ရေးဌာန (ရုံးချုပ်)မှ Video Conferencing System ဖြင့် Online Training တို့အား ပို့ချပေးခဲ့ပါသည်။
သင်တန်းသို့ ဘဏ်လုပ်ငန်းဌာန၊ ဘဏ်ခွဲတာဝန်ခံများနှင့် Relationship Manager များအပြင် ကိုယ်စားလှယ် ဘဏ်လုပ်ငန်းများဆောင်ရွက်နိုင်ရန် FDB ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည့် ကိုယ်စားလှယ်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။