FDB Bank ရဲ့ ရန်ကုန်မြို့မှာ ပထမဦးဆုံးသော ရွှေဘုံသာ ဘဏ်ခွဲ ဖွင့်လှစ်ခဲ့နိုင်ခြင်း အပါအဝင် နှစ်စဉ်ကျင်းပနေကြ နှစ်ပတ်လည် ညစာစားပွဲ အစီအစဉ်ကို ရန်ကုန်မြို့ ကန်တော်ကြီးရှိ Royal Garden Restaurant ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ (ညနေပိုင်း)မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ညစာစားပွဲတွင် FDB Bank ၏ မိခင် ကုမ္ပဏီဖြစ်သော EFD Group ၏ ဥက္ကဌဖြစ်သူ ဦးစိုင်းမျိုးဝင်းမှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များနှင့် ဘဏ်၏ စီမံခန့်ခွဲမှု ဆိုင်ရာ တာဝန်ရှိသူများက နှစ်သစ်ဆုတောင်း စကားများ အသီးသီး ပြောကြားခဲ့ပါတယ်။
နှစ်ပတ်လည် ညစာစားပွဲ အစီအစဉ်တွင် FDB Bank ဝန်ထမ်းမိသားစုများ အားလုံးအတွက် ကံစမ်းမဲ အစီအစဉ်များ ၊ သီချင်းဆိုခြင်းများဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ညစာစားပွဲ အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။





