FDB Bank ၏ ရန်ကုန်မြို့ရဲ့ ပထမဆုံးသော ဘဏ်ခွဲအဖြစ် ရွှေဘုံသာဘဏ်ခွဲကို ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ စတင်ပေးအပ်နေပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
FDB Bank ရဲ့ ဒုတိယမြောက် ဘဏ်ခွဲတစ်ခုဖြစ်တဲ့ ရွှေဘုံသာဘဏ်ခွဲဟာ ရန်ကုန်မြို့ရဲ့ စီးပွားရေးအရ အချက်အချာကျသော နေရာတစ်ခုမှာ တည်ရှိပြီး လူကြီးမင်းတို့အတွက် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးနိုင်ရန် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်။
ဘဏ်ခွဲတည်နေရာ – အမှတ် (၃၈၇) ၊ အခန်း K-1 ၊ ရွှေဘုံသာလမ်း ၊ (အထက်ဘလောက်) ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ။




