တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေးသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ On-Site & Off-Site စစ်ဆေးခြင်းလုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများအား ဖိတ်ခေါ်၍ Online Seminar မှ တဆင့် (၁၅-၂-၂၀၂၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပညာပေးသင်တန်းသို့ ဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ အကြီးတန်း စီမံခန့်ခွဲရေးအရာရှိများ အပါ အဝင် ဘဏ်ဝန်ထမ်း စုစုပေါင်း (၁၀၉) ဦးတို့ တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

