၁။ မိမိတို FDB Bank သည် ဝန်ထမ်းများ၏ မတူကွဲပြားသည့် ပုဂ္ဂိုလ်ရေးရာ ကိစ္စရပ်များနှင့် ခံယူချက်များ အပေါ်တွင် ကန့်သတ်မှုမထားဘဲ အရည်အချင်းပြည့်ဝသူများကို သာတူညီမျှစွာ စိစစ်ရွေးချယ် ခန့်အပ်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များကို အကဲဖြတ်ခြင်းနှင့် ဝန်ထမ်းတိုင်းအတွက် ထိုက်သင့်သည့် အခွင့်အရေးများ ပြည့်ဝစွာ ပေးအပ်ခြင်း တိုကို မိမိတိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း မူဝါဒများနှင့်အညီ ပွင့်လင်းမြင်သာစွာ အထူးဂရုပြု၍ အစဉ်တစိုက် ဆောင်ရွက်လျက် ရှိပါသည်။
၂။ ဝန်ထမ်းများအားလုံးသည် အလုပ်စတင် ဝင်ရောက်စဉ်ကပင် မိမိတိုဘဏ်က ထုတ်ပြန်ထားသည့် ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများတွင် လုပ်ငန်းခွင်အတွင်း ဘဏ်လုပ်ငန်းနှင့် မသက်ဆိုင်သည့် ပုဂ္ဂိုလ်ရေးရာ ကိစ္စရပ်များနှင့် ပါတီနိုင်ငံရေး ကိစ္စရပ်များကို ဆွေးနွေးပြောဆိုခြင်း၊ ဆောင်ရွက်ခြင်း မပြုကြရန် ဝန်ထမ်းတိုင်းမှ သိရှိ သဘောတူကြောင်း ဝန်ခံကတိပြုလက်မှတ် ရေးထိုးထားပြီး ဖြစ်ပါသည်။
၃။ ယခုလတ်တလော လူမှုကွန်ယက်ပေါ်၌ ရေးသားချက်များသည် လုပ်ငန်းခွင်နှင့် မသက်ဆိုင်ဘဲ ဝန်ထမ်း တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေးရာ ခံစားချက်သာ ဖြစ်ပြီး မိမိတိုဘဏ်အနေဖြင့် အဆိုပါဝန်ထမ်းအပေါ်တွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့ခြင်း လုံးဝ(လုံးဝ) မရှိပါ။
၄။ အဆိုပါဝန်ထမ်းသည် (၁.၆.၂၀၂၀) ရက်နေ့၌ FDB Bank ချေးငွေဌာနတွင် မန်နေဂျာရာထူးဖြင့် စတင်ဝင်ရောက်ခဲ့ပြီး (၂၆.၄.၂၀၂၂)ရက်နေ့တွင် လစာတိုးမြှင့် ခံစားခွင့် ရရှိခြင်း၊ (၁.၁.၂၀၂၃)ရက်နေ့တွင် သက်ဆိုင်ရာ ဌာနမှူး၏ ” တစ်ဆင့်ရာထူးတိုးပေးရန် ထောက်ခံ တင်ပြပါသည် ” ဆိုသည့် မှတ်ချက်ဖြင့် မန်နေဂျာရာထူးမှ အကြီးတန်း မန်နေဂျာရာထူးသို တိုးမြှင့်ခြင်းနှင့် လစာတိုးမြှင့် ခံစားခွင့် ရရှိခြင်း၊ (၁.၁.၂၀၂၄)ရက်နေ့တွင် လစာတိုးမြှင့် ခံစားခွင့် ရရှိခြင်း တိုကြောင့် ဝန်ထမ်းကာလ (၄)နှစ်အတွင်း စုစုပေါင်း လစာတိုးမြှင့်ခြင်း (၃)ကြိမ်နှင့် ရာထူးတိုးမြှင့်ခြင်း (၁)ကြိမ် တိုကို အခြားဝန်ထမ်းများနည်းတူ သာတူညီမျှရှိစွာ ဝန်ထမ်း အကျိုးခံစားခွင့်များကို ရရှိခဲ့ပါသည်။
ထိုအပြင် ဝန်ထမ်းအကျိုးခံစားခွင့်အဖြစ် ဝန်ထမ်းချေးငွေကို (၅.၄.၂၀၂၃)ရက်နေ့တွင် ပေးအပ်ခဲ့ပြီး (၆.၁၁.၂၀၂၃)ရက်နေ့တွင် အဆိုပါဝန်ထမ်းမှ ဘဏ်၏ ဝန်ထမ်းချေးငွေဆိုင်ရာ ချေးငွေ (၂)ရပ်ကို တစ်ချိန်တည်းတွင် ရယူခွင့် မရှိခြင်း စည်းမျဉ်းစည်းကမ်းများအရ အပြေအကျေ ပေးချေခဲ့သည့်အတွက် ဝန်ထမ်းအိမ်ရာချေးငွေကို ချေးငွေသက်တမ်း (၁၅)နှစ်ဖြင့် (၆.၁၁.၂၀၂၃)ရက်နေ့တွင်ပင် ထပ်မံ၍ ပေးအပ်ခဲ့ပါသည်။
၅။ ၎င်းအပြင် လူမှုကွန်ယက်ပေါ်တွင် ဖြန့်ဝေခဲ့သည့် Group Chat ပါ ရေးသားချက်များသည် ဘဏ်လုပ်ငန်းအတွက် အသုံးပြုသည့် Working Communication Channel များတွင် ရေးသားပြောဆိုထားခြင်း မဟုတ်ဘဲ ဌာနငယ်အတွင်းရှိ လုပ်ဖော်ကိုင်ဖက် လူနည်းစု (၆)ဦးက ဘဏ်လုပ်ငန်းနှင့် မသက်ဆိုင်သည့် ၎င်းတိုမှ သီးခြားအသုံးပြုသော Personal Group Chat တွင် ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်း တိုတွင် ရေးသားပြောဆိုခဲ့မှုများ ဖြစ်ပါသည်။
အဆိုပါ Personal Group Chat တွင် အဓိက ပါဝင်ရေးသားခဲ့ကြသည့် ဝန်ထမ်းများသည်လည်း ဝန်ထမ်းအဖြစ်မှ နုတ်ထွက်သွားခဲ့သည်မှာ နှစ်ကာလတိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ၎င်း Group Chat ကို အသုံးပြုခြင်း မရှိတော့သည်မှာလည်း ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ယခုဖြစ်စဉ်အား စိစစ်ရာတွင် သိရှိရပါသည်။
၆။ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီမှ တစ်သီးပုဂ္ဂလ လွတ်လပ်စွာ ခံယူထားသည့် မတူကွဲပြားသည့် ပုဂ္ဂိုလ်ရေးရာ ကိစ္စရပ်များနှင့် ခံယူချက်များသည် သက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီကိုသာ ကိုယ်စားပြုပါသည်။
၇။ FDB Bank ရှိ ဝန်ထမ်းမိသားစုဝင်များ အားလုံးသည် လုပ်ငန်းခွင်အတွင်း ချစ်ခင်ရင်းနှီးစွာ တာဝန်ထမ်းဆောင်ကြရမည် ဖြစ်ပြီး ခွဲခြားဆက်ဆံမှုများ ရှိပါက ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် FDB Bank သည် လူမျိုး၊ ဘာသာ မခွဲခြားဘဲ သာတူညီမျှရှိစွာဖြင့် အများပြည်သူကို အကျိုးပြုစေမည့် ဘဏ်တစ်ဘဏ် ဖြစ်စေရန် အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တိုနှင့်အညီ ဘဏ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းကို လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
FDB Bank Management Team