FDB Bank ၏ ဘဏ်တည်ထောင်ခြင်း (၂) နှစ်ပြည့် အစီအစဉ်အဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်တွင် တည်ရှိသည့် “သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတအသင်း (Save The Aged)” ထံ သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသည်။
လှူဒါန်းမှုအတွက် FDB Bank ၏ မတည်ငွေနဲ့အတူ FDB Bank ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု များကို ရယူ အသုံးပြုတိုင်း Customer များကိုယ်စား အလိုအလျောက်ထည့်သွင်းလှူဒါန်းပေးခဲ့ခြင်း ဖြစ်ပါသည်။
FDB Bank နဲ့အတူ ကုသိုလ်ယူ အစီအစဉ်အဖြစ် သက်ကြီးရွယ်အို စောင့်ရှောက်ရေး နှင့်ထောက်ပံ့ရေး ပရဟိတ အသင်းထံ စုစုပေါင်း (၅၃) သိန်းကျပ်တိတိကို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။





