Responsible
- ငွေကြေးလုပ်ငန်းစဉ်၊Customer ဝန်ဆောင်မှုနှင့် အရောင်းများအား လွှဲပြောင်း လမ်းညွှန် ပေးမှုများ ဆောင်ရွက်ရန်။
ဘဏ်ခွဲ၏ငွေကြေးစီမံခန့်ခွဲမှုအပိုင်းများတွင် လိုအပ်သလိုဆောင်ရွက်ပေးရန်နှင့် ဘဏ်ခွဲ၏ ငွေကြေး ဖြည့်တင်းမှုကိစ္စများကိုကျွမ်းကျင်စွာတာဝန်ယူစီမံခန့်ခွဲရန်၊ - Teller များ၏ အလုပ်တာဝန်များ အချိန်မှန်ပြီးမြောက်ရေးကို စီမံခန့်ခွဲညွှန်ကြားရန် ငွေကြေး ဝန်ထမ်း များသည် ချမှတ်ထားသောရည်မှန်းချက်များကို နည်းလမ်းမှန်ကန်စွာ ရရှိ/စွမ်းဆောင်နိုင်ရန်အတွက် အကောင်းဆုံးပတ်ဝန်းကျင်ကိုဖန်တီး/ထောက်ပံ့ပေးရန်။
- ငွေကြေး ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုပေးရာတွင် ဝန်ဆောင်မှုစံနှုန်းများကို အပြောင်းအလဲမရှိ တသတ်မတ် တည်း လုပ်ဆောင်သည့် အလေ့အထရှိရန် လေ့ကျင့်သင်ကြား ပေးခြင်းတို့ကိုဆောင်ရွက်ရမည်။
- ငွေကြေးဌာန ဝန်ထမ်းများ၏ ငွေကြေးနှင့်ပတ်သက်သည့် အလွဲသုံးစားမှုများ၊ မှားယွင်းမှုများ မဖြစ်ပေါ်စေရန်အတွက် ကြီးကြပ်တာဝန်ယူဆောင်ရွက်ရမည်။
- ငွေကြေးလျော့နည်းမှု၊ ကွာဟမှုများ ဖြစ်ပေါ်လာပါက ပြဿနာအားအရင်းအမြစ်အား ရှာဖွေ၍ စုံစမ်း တင်ပြနိုင်ရမည်။
- လုပ်ငန်းခွင်ဝန်းကျင်တိုးတက်ကောင်းမွန်ရန်အတွက် ဝန်ထမ်းများမှ တက်ကြွစွာ ပါဝင်စေရန် ပံ့ပိုးပေးခြင်း။