Responsible
- ငွေကြေးလုပ်ထုံးလုပ်နည်းများအား သက်ဆိုင်ရာ ငွေကြေးဝန်ထမ်းများသို့ သင်ကြားပြသပေးနိုင် ရမည်။
- တစ်နေ့တာ လုပ်ငန်းလည်ပတ်ရန်အတွက် ငွေသားပမာဏသတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာ ငွေကြေးကောင်တာများသို့ ခွဲဝေပေးခြင်းကိုဆောင်ရွက်ရမည်။
- ဘဏ်ခွဲ၏ ငွေသားစီးဆင်းမှုနှင့် ငွေသားလက်ကျန်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ ဘဏ်ခွဲတာဝန်ရှိသူများထံ တင်ပြပေးရမည်။
- ဘဏ်ခွဲ၏ လိုငွေဖြည့်တင်းခြင်း/ ပိုငွေပေးပို့ခြင်းများနှင့် ပတ်သက်၍ ဘဏ်ခွဲတာဝန်ခံ အရာထမ်းများ ၏ ညွှန်ကြားချက်နှင့်အညီ တာဝန်ယူစီမံဆောင်ရွက်ရမည်။
- ငွေသားပမာဏများပြားသည့် ငွေသွင်း/ငွေထုတ်ကိစ္စရပ်များကို ကြီးကြပ်တာဝန်ယူဆောင်ရွက်ရမည်။
- ငွေကြေးဌာန ဝန်ထမ်းများ၏ ငွေကြေးနှင့်ပတ်သက်သည့် အလွဲသုံးစားမှုများ၊ မှားယွင်းမှုများ မဖြစ်ပေါ်စေရန်အတွက် ကြီးကြပ်တာဝန်ယူဆောင်ရွက်ရမည်။
- ငွေကြေးလျော့နည်းမှု၊ ကွာဟမှုများ ဖြစ်ပေါ်လာပါက ပြသနာအားအရင်းအမြစ်အားရှာဖွေ၍ စုံစမ်းတင်ပြနိုင်ရမည်။
- တစ်နေ့တာငွေကြေးစာရင်းပိတ်လုပ်ငန်းများကို ဆောင်ရွက်ရမည်။