Branch In Charge  (Manager / Deputy Manager)

  • Yangon
  • Full Time
  • Banking Sector
  • Negotiable
  • Position: Male/Female ( 1 )
  • Working Hour: 09:00 AM to 05:00 PM
  • Off Day: Sat & Sun
  • Job Expiry Date: 20/10/2024
Job Description
Key Job Descriptions
  • ဘဏ်ခွဲတစ်ခု၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းအောင်မြင်မှုအတွက် တာဝန်ခံ‌ဆောင်ရွက်ရမည်။
  • ဘဏ်ခွဲ၏ အရာထမ်းဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန် တာဝန်ယူဆောင် ရွက်စေရမည်။
  • ဖောက်သည်အသစ်များတိုးပွားစေရန်နှင့် ဖောက်သည်ဟောင်းများ တည်မြဲစေရန် ဆောင်ရွက် ရမည်။
  • ဘဏ်ခွဲ၏ နေ့စဉ်/လစဉ်/နှစ်ချုပ် စာရင်းပိတ် လုပ်ငန်းများအား အမှားအယွင်းမရှိစေရန် တာဝန်ခံ ဆောင်ရွက်ရမည်။
Responsible
  • လုပ်ငန်းတာဝန်များခွဲဝေသတ်မှတ်ခြင်း၊ ဝန်ဆောင်မှုကောင်းမွန်စေရန်ဆောင်ရွက်ခြင်း၊ ဘဏ်ခွဲ၏ ဝန်ထမ်းရေးရာ ကိုင်တွယ်ခြင်း၊ စီမံရေးရာလုပ်ငန်းများ၊ ဘဏ်ခွဲ၏ အရောင်းမြှင့်တင်ရေး ကိစ္စများနှင့် ပတ်သက်သည်များကို တာဝန်ယူ ဆောင်ရွက်ရမည်။
  • ဘဏ်ခွဲတည်ရှိရာမြို့နယ်အတွင်း အလားအလာရှိသည့် Customer များအား စျေးကွက်အတွင်း ရှာဖွေနိုင်ရမည်။
  • ဘဏ်ခွဲ၏ သတ်မှတ် Budget အားကောင်းစွာစီမံခန့်ခွဲနိုင်ရမည်။
  • ဘဏ်ခွဲအတွက် ချမှတ်ထားသည့် Target များကို ပြည်မီစွာ အကောင်အထည်ဖော်ဆောင်ရန် လုပ်ငန်းအစီအမံများကိုလည်း ရေးဆွဲနိုင်ရမည်။
  • ဘဏ်ခွဲဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း အနီးကပ်ကြီးကြပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ သင်ကြား ပြသခြင်းများကို ဆောင်ရွက်ရမည်။
  • လုပ်ငန်းများလျင်မြန်ချောမွေ့စေရန်အတွက် ရုံးချုပ်နှင့် သက်ဆိုင်ရာဌာနများနှင့် အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြခြင်း၊ ဆုံးဖြတ်ချက်ရယူခြင်းများကို ဆောင်ရွက်ရမည်။
  • ဘဏ်ဝန်ထမ်းများနှင့် ဘဏ်နှင့်ဆက်သွယ်သူများအားလုံး၏ Compliant များကို အလျင်မြန်ဆုံးနှင့် အကောင်းဆုံး နည်းလမ်းများရှာဖွေဖြေရှင်းနိုင်ရမည်။
  • စျေးကွက်ခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ရုံးချုပ်နှင့် ဘဏ်ခွဲဝန်ထမ်းများကို ပေးပို့ဖြန့် ဝေပေးနိုင် ရမည်။
  • ဘဏ်၏လုပ်ငန်းတာဝန်များအား လုပ်ဆောင်ရာတွင် သတ်မှတ်ထားသော မူဝါဒ၊လုပ်ထုံး လုပ်နည်းများ နှင့်အညီ သေချာစွာဆောင်ရွက်စေရန်နှင့် ဘဏ်မှချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအား လိုက်နာဆောင်ရွက်မှု ရှိ/ မရှိကို စောင့်ကြည့်စစ်ဆေးရမည်။
  • စာရင်းစစ်အဖွဲ့မှစစ်ဆေးလာပါက ဘဏ်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြား ချက်များ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာထားသည့် ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက် ရမည်။
  • ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အလိုက် အကဲဖြတ်စစ်ဆေးခြင်းတို့အား သက်ဆိုင်ရာ တို့နှင့် ညှိနှိုင်း ဆောင်ရွက်အကဲဖြတ်ဆောင်ရွက်နိုင်ရမည်။
  • ၀န်ထမ်းများအား Role အလိုက် JD များအားနားလည်အောင် ရှင်းပြ၍ လိုက်နာ ဆောင်ရွက် စေခြင်း၊ အရည်အသွေးတိုးတက်လာစေရန် သင်ကြားပြသပေးနိုင်ရမည်။
  • မိမိဝန်ထမ်းများအားအသင်းလိုက်လုပ်ဆောင်မှုအားကောင်းလာစေရန်ဦးဆောင်မှုပေးခြင်း၊ဝန်ထမ်းများ၏အရည်အသွေးတိုးတက်လာစေရန်သင်ကြားပို့ချခြင်းနှင့်လမ်းညွှန်မှုပေးနိုင်ရမည်။
  • နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းများအား ဘဏ်၏ Profit & Loss ထွက်သည်အထိ ကိုယ်တိုင် စီမံ ခန့်ခွဲနိုင်ရမည်။
  • Daily Closing Process အား Manual နှင့် System နှစ်မျိုးစလုံးနားလည်တတ်ကျွမ်းရမည်။
Job Requirements
  • တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ ဖြစ်ရမည်။ [ဘဏ်လုပ်ငန်း (သို့မဟုတ်) စီးပွားရေးပညာနှင့်သက်ဆိုင် သည့် ဘွဲ့, Diploma, Degree, Master ဘွဲ့ရရှိထားသူများ ဦးစားပေးမည်။]
  • အသက် (၄၅) နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
  • တာဝန်ခံ/ ဒုတိယတာဝန်ခံရာထူးဖြင့် အနည်းဆုံးလုပ်သက် (၃) နှစ်နှင့်အထက် ရှိပြီးဘဏ်ခွဲလုပ်ငန်း များ အားလုံး ကျွမ်းကျင်စွာ သိရှိ/ စီမံကွပ်ကဲနိုင်ရမည်။
  • Core Banking System အား အတွေ့အကြုံရှိပြီး ကောင်းမွန်စွာအသုံးပြုနိုင်ရမည်။
  • ဆက်ဆံရေးကောင်းမွန်၍ Teamwork ဖြင့် လုပ်ဆောင်နိုင်သူဖြစ်ရမည်။
  • MS Office (Word, Excel, Power Point), Internet & Email ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
  • ဘဏ်ခွဲတာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်နေသူ/ တာဝန်ယူဆောင်ရွက်ခဲ့သူများအား ဦးစားပေးစဉ်း စားမည်။
Remark

စိတ်ဝင်စား၍လျှောက်ထားလိုပါက hr@fdbbank.com သို CV form အပြည့်အစုံကိုဓာတ်ပုံနှင့် တကွပေးပို့ လျှောက်ထား နိုင်ပါသည်။

***သတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသော လျှောက်လွှာများ၊ အထောက်အထားပြည့်စုံစွာတင်ပြထားမှုမရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ***