Responsible
- လုပ်ငန်းတာဝန်များခွဲဝေသတ်မှတ်ခြင်း၊ ဝန်ဆောင်မှုကောင်းမွန်စေရန်ဆောင်ရွက်ခြင်း၊ ဘဏ်ခွဲ၏ ဝန်ထမ်းရေးရာ ကိုင်တွယ်ခြင်း၊ စီမံရေးရာလုပ်ငန်းများ၊ ဘဏ်ခွဲ၏ အရောင်းမြှင့်တင်ရေး ကိစ္စများနှင့် ပတ်သက်သည်များကို တာဝန်ယူ ဆောင်ရွက်ရမည်။
- ဘဏ်ခွဲတည်ရှိရာမြို့နယ်အတွင်း အလားအလာရှိသည့် Customer များအား စျေးကွက်အတွင်း ရှာဖွေနိုင်ရမည်။
- ဘဏ်ခွဲ၏ သတ်မှတ် Budget အားကောင်းစွာစီမံခန့်ခွဲနိုင်ရမည်။
- ဘဏ်ခွဲအတွက် ချမှတ်ထားသည့် Target များကို ပြည်မီစွာ အကောင်အထည်ဖော်ဆောင်ရန် လုပ်ငန်းအစီအမံများကိုလည်း ရေးဆွဲနိုင်ရမည်။
- ဘဏ်ခွဲဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း အနီးကပ်ကြီးကြပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ သင်ကြား ပြသခြင်းများကို ဆောင်ရွက်ရမည်။
- လုပ်ငန်းများလျင်မြန်ချောမွေ့စေရန်အတွက် ရုံးချုပ်နှင့် သက်ဆိုင်ရာဌာနများနှင့် အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြခြင်း၊ ဆုံးဖြတ်ချက်ရယူခြင်းများကို ဆောင်ရွက်ရမည်။
- ဘဏ်ဝန်ထမ်းများနှင့် ဘဏ်နှင့်ဆက်သွယ်သူများအားလုံး၏ Compliant များကို အလျင်မြန်ဆုံးနှင့် အကောင်းဆုံး နည်းလမ်းများရှာဖွေဖြေရှင်းနိုင်ရမည်။
- စျေးကွက်ခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ရုံးချုပ်နှင့် ဘဏ်ခွဲဝန်ထမ်းများကို ပေးပို့ဖြန့် ဝေပေးနိုင် ရမည်။
- ဘဏ်၏လုပ်ငန်းတာဝန်များအား လုပ်ဆောင်ရာတွင် သတ်မှတ်ထားသော မူဝါဒ၊လုပ်ထုံး လုပ်နည်းများနှင့်အညီ သေချာစွာဆောင်ရွက်စေရန်နှင့် ဘဏ်မှချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးရမည်။
- စာရင်းစစ်အဖွဲ့မှစစ်ဆေးလာပါကဘဏ်မှချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများ၊ညွှန်ကြားချက်များ၊လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာထားသည့် ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက်ရမည်။
- ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အလိုက် အကဲဖြတ်စစ်ဆေးခြင်းတို့အား သက်ဆိုင်ရာ တို့နှင့် ညှိနှိုင်းဆောင်ရွက်အကဲဖြတ်ဆောင်ရွက်နိုင်ရမည်။
- ၀န်ထမ်းများအား Roleအလိုက် JD များအား နားလည်အောင် ရှင်းပြ၍ လိုက်နာ ဆောင်ရွက် စေခြင်း၊ အရည်အသွေးတိုးတက်လာစေရန် သင်ကြားပြသပေးနိုင်ရမည်။
- မိမိဝန်ထမ်းများအားအသင်းလိုက်လုပ်ဆောင်မှုအားကောင်းလာစေရန်ဦးဆောင်မှုပေးခြင်း၊ဝန်ထမ်းများ၏အရည်အသွေးတိုးတက်လာစေရန်သင်ကြားပို့ချခြင်းနှင့်လမ်းညွှန်မှုပေးနိုင်ရမည်။
- နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းများအား ဘဏ်၏ Profit & Loss ထွက်သည်အထိ ကိုယ်တိုင် စီမံ ခန့်ခွဲနိုင်ရမည်။
- Daily Closing Process အား Manual နှင့် System နှစ်မျိုးစလုံးနားလည်တတ်ကျွမ်းရမည်။